Loading

#Memo - FastCGI

ကျနော်တို့ unix က shell ထဲမှာ script ကို run ရင်

#!/bin/sh
#!/usr/bin/perl

စသဖြင့် ထိပ်ဆုံးလိုင်းမှာ ရေးလေ့ရေးထရှိပါတယ်။

windows မှာဆိုရင် script run ချင်ရင် wscript.exe script.vs စသဖြင့် run တာနဲ့ ဆင်မယ်ထင်ပါတယ်။

အဲသလို run ရင် wscript.exe, sh, perl စတဲ့ main program ကို အရင် load လုပ်ရပါတယ်။

web site အနေနဲ့ ဆိုရင် user ရဲ့ request တိုင်းမှာ အဲလိုလုပ်နေရရင် performance ကို ထိခိုက်ပါတယ်။

အဲဒါကို ဖြေရှင်းဖို့ တစ်နည်းကတော့ apache ရဲ့ modules အနေနဲ့ လုပ်ထားတဲ့ mod_cgi, mod_perl, mod_python စတာတွေသုံးပါတယ်။ တစ်ခါ ပဲ load လုပ်ထားတဲ့ သဘောပေါ့။

နောက်တစ်နည်းကတော့ FastCGI, fcgid စတာတွေနဲ့ cgi, php, python, ruby တွေကို memory ပေါ်ကို တစ်ခါဆွဲတင်ပြီး ထပ်ခါထပ်ခါ memory ပေါ်ကနေပဲ သုံးတဲ့ နည်းပါ။

ဥပမာ - ဟော့ဒီ perl script ဟာ FCGI ကို သုံးထားပြီး page ကို refresh လုပ်တိုင်း
I have run 1 times. I have run 2 times. I have run 3 times. စသဖြင့် တိုးတိုးသွားမှာ ဖြစ်ပါတယ်။

#!/usr/bin/perl

# တစ်ခါပဲ run

$counter=0;

# ထပ်ခါတစ်လဲလဲ run

use FCGI;
while ( FCGI::accept() >= 0 ) {
$counter++;
print "Content-type:text/html\n\n";
print "I have run $counter times.";
}

cache နဲ့ မတူပါဘူး။ cache က အကြောင်းအရာ တစ်ခု တည်းကို ပဲ ပြန် output ထုတ်ပေးမှဖြစ်ပြီး ဒီဟာကတော့ program run တဲ့ speed ကို မြန်အောင် memory ပေါ်တင်ထားတဲ့ နည်းလို့ပြောလို့ရမယ်ထင်ပါတယ်။

memory ပေါ်ကဟာ ကို ဟော့ဒီလို ခေါ်ကြည့်လိုက်ရင်၊ ဟော့ဒီလိုမျိုး memory ပေါ်မှာ ရှိနေတာကို တွေ့နိုင်မှာပါ။
PID  PPID  C STIME TTY          TIME CMD
12419 21017 0 06:13 ? 00:00:00 /usr/bin/perl test.fcgi

FCGI ကို သုံးဖို့အတွက် mod_fcgi လိုအပ်ပါမယ်။
.htaccess မှာဖြစ်ဖြစ် httpd.conf / apache2.conf စတာတွေမှာ ဟော့ဒီလို့ထည့်ပေးရပါလိမ့်မယ်။
AddHandler fastcgi-script .fcgi
Options +FollowSymLinks +ExecCGI

.fcgi ဖိုင်ကို executable access ပေးရပါလိမ့်မယ်။
chmod +x test.fcgi

Cheers,
Soe Min

No comments:

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ