http://www.youtube.com/watch?v=j9VS9DkbOxw
McDonalds - everybody knows - so instead of burgers, watch the Model Girl, its better, isnt it?
:-)
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ သင်ဆိုးလျှင် သင့်ထက်ပိုဆိုးလျှင် ဆိုးမည်။
Loading
#Memo - Google Wave will release tomorrow night for 100 thousands people
http://www.publickey.jp/blog/09/google_wave10.html
goolge wave နက်ဖြန်ထွက်မယ်လို့ ဆိုပါတယ်။ ကြိုလျှောက်ထားတဲ့သူ ၁ သိန်းအတွက်လို့ ပြောပါတယ်။
ကြားတော့ ကြားမိတယ်။ ဘာမှန်း သိပ်မသိတာနဲ့ မစမ်းဖြစ်ဘူး။
လျှောက်ထားမိလား မလျှောက်ထားမိဘူးလားတောင် မမှတ်မိတော့ဘူး။ လျှောက်ထားမိရင်တော့ စမ်းကြည့်ရမယ်။
Python API တွေတွေ့တယ်။ အားမှပဲ စမ်းကြည့်ရမယ်။
http://code.google.com/apis/wave/extensions/robots/python-tutorial.html
https://appengine.google.com
http://code.google.com/appengine/docs/python/gettingstarted/
http://code.google.com/appengine/docs/python/overview.html
http://code.google.com/appengine/docs/
http://code.google.com/appengine/docs/python/apis.html
http://code.google.com/appengine/docs/python/tools/
#Thats why Google released Chrome Frame, may be it is brillient idea for them :P
Cheer,
Mark

#Memo - http://similar-site.com
http://similar-site.com
ဆိုဒ်တစ်ခုနဲ့ ဆင်တူတဲ့ ဟာတွေကို ပြပေးတယ်။ မိုက်တယ်။
google လို့ရှာရင် အခြား search engine တွေ ရှိသလောက် လာပြတယ်။

#Memo - Minefield crashed with XMarks - Moving one step back to Namoroka
I am using Minefield around 1 year now, no problem at all, but now something start not working.
Gecko 1.9.3 alpha - Minefiled Latest Trunk - Mozilla Firefox 3.7 alpha pre Crashed onload when XMarks is installed - even xmarks 3.3.3 or 3.3.4 also not working.
XMarks seems saying its because of Mozilla bug, but Others Extensions like NoScript, AdBlock Plus, Firebug are fine.
So, I have to move one step back to Firefox 3.6 Namoroka, for Gmail, I am using now Google Chrome 4.*.
I really wish XMarks to do some workaround for that.

#Memo - WebsiteSpark Program
Windows Server 2008 လိုင်စင် ၄ခု
Visual Studio 2008 Professional လိုင်စင် ၃ခု
စတာတွေ ၃နှစ်စာ ရမယ်လို့ဆိုထားပါတယ်။
လျှောက်တဲသူဟာ လူ ၁၀ ယောက်ထက်နဲပြီး အခြားသူအတွက် ရေးပေးတဲ့ ကုမဿပဏီဖြစ်ရမယ်လို့ ဆိုထားပါတယ်။
(May be you can do web site for your GirlFriend)
၃နှစ်ပြည့်ရင် ဒှေါလာ ၁၀၀ ပေးလိုက်ရင်ပြီးတယ်လို့ လဲဆိုထားပါတယ်။ ဝယ်ချင်ရင်လည်း လျှော့ဈေးနဲ့ ရမယ့်ပုံပှေါပါတယ်။
Visual Studio 2010 ကို အဆင့်မြှင့်ချင်ရင်လည်း ရတယ်လို့ ပြောတာလဲ တွေ့မိပါတယ်။
လျှောက်ပြီး ၆လကြာရင် Project တစ်ခုတော့ တင်ပြရမယ်လို့ ဆိုထားပါတယ်။ :-)
<You can do small Search Engine with C# and MSSQL 2008> :-)
Cheers,
Mark
I really wanted to break this code
http://www.techcrunch.com/2009/09/21/google-is-searching-for-beautiful-minds-but-so-far-no-m-i-t-students-have-broken-its-code/
I really wanted to break that (google jobs) code, but finally, its was just nothing more than counting characters, and adding 1 and 0.
google.txt
python code to decrypt / calculate phone number from that
phone number
When you called, there is automatic answering machine, saying its Google, and to tell your name and ask you Phone number.
# May be This is done by TechCrunch or MIT or can be by any other too, than Google.
Mark
----

8MLDQ6 T UI 6TFML RH AA NRA6Q 8EFL DMQ86II2 O3 2S5J 13JXOJ
python code to decrypt / calculate phone number from that
"+1-"+"".join([str(len(x)) for x in open("google.txt").read().replace("\r","").replace("\n","").split()])+"0"
phone number
'+1-6172748660'
When you called, there is automatic answering machine, saying its Google, and to tell your name and ask you Phone number.
# May be This is done by TechCrunch or MIT or can be by any other too, than Google.
Mark
----
Update at Sept 23 3:20 JST Dear ALL, Sorry, It was a TRAP!!!, the number (617 274 8660) I got is also by Google Jobs, so I under-estimated or thought as It was just a joke by someone. But actually It is a real code. correct number is is 617 639 0570 (extension 10) and de-ciphering method can be find here, http://wiki.fivetechsoft.com/doku.php?id=google_job_puzzle anyway, here is present python codes to de-cipher it :-) x="8MLDQ6 T UI 6TFML RH AA NRA6Q 8EFL DMQ86II2 O3 2S5J 13JXOJ" a="0123456789ABCDEFGHIJKLMNOPQRSTUVWXYZ " b="456789ABCDE2FGHIJKL0MNOP1QRS3TUVWXYZ " print "".join([b[a.index(x)] for x in x]) CONGRA T UL ATION SK EE PSEAR CHIN GORCALL6 17 6390 570X10 cheers, Mark
အလကားမရ၊ ကိုယ့်အားကိုယ်ကိုး
(ဖေမြင့်၏ ကိုယ့်ထူးကိုယ်ချွန်သမားများအတွက် လက်စွဲစကားများ စာအုပ်မှ)
အလကားမရ
သင့်အောင်မြင်မှုနှင့် စိတ်ချမ်းသာမှုကို သင်ကိုယ်တိုင်ပင် တောင်းဆိုယူရလိမ့်မည်။
ကမဿဘာလောကသည် သင့်အား ဘာကိုမျှ အသားလွတ်ပေးမည် မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်ကာ ရော့... ယူဗျာ၊ အခွင့်အရေးတွေ ဟုပေးမည်မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင် ခံရနိုင်သည်။
အလကား ရနိုင်တာ ဒါမျိုးပဲ ရှိသည်။
ဒါကို လူအများလည်း သိကြသည်။ သို့သှော ဒါကိုသိလျက် သူတို့ ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်မှာ အောင်မြင်နိုင်မည်လဲ ဟူ၍ပဲ တွေးသည်။
မှားပြန်ပါပြီ။
မည်သူမျှသင့်ထံလာပြီး အခွင့်အရေးတွေ မပေးတော့ဘူးဆိုတော့ကော ဘာဖြစ်သနည်း။
သင့်အား အောင်မြင်သူ တစ်ဦ်းဘဝ ရောက်ရှိအောင် တွန်းပို့ မောင်းနှင်ပေးမည့် စွမ်းအားတွေ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင်၌ လိုအပ်နေသည်မှာ သင်သည် ဤလောက၌ ထိုက်တန်သော တစ်နေရာကို ရပိုင်ခွင့်ရှိသည်ဟူသော ယုံကြည်ချက်နှင့် ထိုအရာကို ရအောင် ယူမည်ဟူသော ခိုင်မာသည့် သနဿနိဋဿဌာန္တို့သာ ဖြစ်သည်။
ဒါတွေကို တခြားက မရနိုင်။ သင့်ကိုယ်တိုင်ထံမှပင် တောင်းခံယူရပေမည်။
----
ကိုယ့်အား ကိုယ်ကိုး
သင့်အား မည်သူမျှ အပှေါအမြင့်သို့ ရောက်အောင် ကြိုးဖြင့် ဆွဲမတင်နိုင်။ ကြိုးကို ကြာကြာ ဆုပ်ကိုင် မထားနိုင်သော အကြောင်းကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်၏။ သို့သှော ကိုယ့်ခြေထောက်ပှေါကိုယ် ရပ်၍တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ်သို့ ရောက်အောင်ပင် သင်တက်နိုင်မည်ဖြစ်သည်။
- ဘရန်ဒိုက်စ်

Teach Yourself Programming in Ten Years - ပရိုဂရမ် တကယ်တတ်ဖို့ ဆယ် ... နှစ်
Teach Yourself Programming in Ten Years
ပရိုဂရမ် တကယ်တတ်ဖို့ ဆယ် ... နှစ် ... အချိန်လိုအပ်ပါတယ်
Peter Norvig (ပီတာ နောဗစ်)
လူတွေ ဘာလို့ ဒီလောက် လောနေကြတာလဲ?
စာအုပ်ဆိုင်တွေရှိတဲ့ ဘက်ကို သင် လမ်းလျှောက်ကြည့်ဖူးမှာပါ။ ဂျာဗားကို ၇ ရက်အပြတ်သင်၊ Visual Basic၊ ဝင်းဒိုး၊ အင်တာနက် စတာတွေကို နာရီ အနည်းငယ်၊ သို့ ရက်အနည်းငယ် နဲ့ အပြတ်သင် ဆိုတာမျိုးတွေပေါ့။
တစ်ခါက Amazon ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ဒီလို ရှာကြည့်ဖူးတယ်။
ထုတ်တဲ့ရက် ၁၉၉၂ နောက်ပိုင်း၊ ခေါင်းစဉ်မှာ days ဆိုတာ ပါပြီး (learn (သို့) teach yourself) ဆိုတာလည်းပါတဲ့ စာအုပ်များ ဆိုပြီးတော့ရှာကြည့်တာ ၂၄၈ ခု ထွက်လာပါတယ်။ ပထမဦးဆုံး ၇၈ အုပ်ဟာ ကွန်ပျူတာစာအုပ်တွေ ဖြစ်ပြီး (၇၉ ခုမြောက်ဟာ ဘင်ဂါလီဘာသာကို ၃ဝရက်နဲ့ အပြတ်သင်ဆိုတဲ့ စာအုပ်ဖြစ်တယ်)
ဒါနဲ့ days ဆိုတဲ့ စာလုံးကို hours ဆိုပြီး ပြောင်းရှာကြည့်မိတယ်။ ၂၅၃ အုပ်တောင် ထွက်လာတာတွေ့ရတယ်။ ၇၇ အုပ်က ကွန်ပျူတာစာအုပ်ဖြစ်ပြီး ၇၈ အုပ်မြောက်ဟာ (အဂဿငလိပ္သဒဿဒါနဲ့ ရေးပုံရေးနည်းကို ၂၄နာရီနဲ့ အပြတ်သင်) စာအုပ်ဖြစ်တာတွေ့ရတယ်။
စာအုပ် ၂၀၀ မှာ ၉၆ ရာခိုင်နှုန်းဟာ ကွန်ပျူတာ စာအုပ်တွေ ဖြစ်နေတာတွေ့ရတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် လူတွေဟာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး တှောတှောလေးကို လောနေကြတယ်။ ဒါမှ မဟုတ် ကွန်ပျူတာ နည်းပညာတွေကပဲ အခြားဟာတွေနဲ့ ယှဉ်လိုက်ရင် ဒီလောက် လွယ်ကုန်ပြီလား။ ကွမ်တမ် ရူပဗေဒ၊ ဘင်သိုဗင် စတာတွေ၊ ယုတ်စွအဆုံး ခွေးမွေးမြူစောင့်ရှောက်ဖို့ နည်းတောင် ရက်အနည်းငယ်နဲ့ တတ်နည်း ဆိုတဲ့ စာအုပ်မတွေ့ဖူးဘူး။
ဒီအလွယ်တတ်နည်းတွေဟာ သူ့အကြောင်းနဲ့ သူတော့ရှိလိမ့်မယ်။ ဘယ်မှာမှ သုံးစားမရတဲ့ ပရိုဂရမ်ဆိုရင်တော့ လွယ်ရင်လွယ်မှာပေါ့။ အဲလိုမျိုးဆိုရင်တော့ ခပ်တုံးတုံး သူတွေတောင် ၂၁ရက်နဲ့ တတ်ရင် တတ်နိုင်လိမ့်မလားပဲ။
ကဲ.. ထားပါတော့။ ..
C++ ကို ၃ရက်နဲ့ အပြတ် ဆိုတဲ့ စာအုပ်ကို နဲနဲ သုံးသပ်ကြည့်ရအောင်။
- ၃ ရက်နဲ့ ပရိုဂရမ် တကယ် ရေးချိန် ရှိလိုက်မှာ မဟုတ်ပါဘူး။ ကိုယ်ရေးလိုက်တဲ့ ပရိုဂရမ်ရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုတွေကို သိမှာ မဟုတ်ဘူး။
- တကယ့် အတွေ့အကြုံရှိတဲ့ ပရိုဂရမ်မှာတွေနဲ့ အလုပ်လုပ်ခွင့်ရှိလိုက်မှာမဟုတ်ဘူး။
- C++ ရဲ့ လက်တွေ့ အရသာကို သိရမှာ မဟုတ်ဘူး။ လွယ်လွယ်ပြောရရင် လေ့လာဖို့ အချိန်မရဘူး။
- ဒါကြောင့် အဲဒီ စာအုပ်ဟာ အပှေါယံလောက်ပဲ ပြောသွားနိုင်တာကို တွေ့ရမှာပါ၊
- ပုတ်ရဟန်းမင်းကြီး အလက်ဇန်းဒါးက ပြောဖူးတယ်။ နဲနဲပဲ တတ်တာဟာ အနဿတရာယ် ကြီးမားတယ်တဲ့။
- C++ မှာ ၃ ရက်ဆိုရင် syntax လောက်တော့ သိရင်သိသွားမှာပေါ့ (အခြား ဘာသာစကားကို သိထားတယ်ဆိုရင်)၊ ဒါပေမယ့် တကယ့်လက်တွေ့ ဘယ်လိုသုံးရမယ်ဆိုတာ သိလိုက်မှာ မဟုတ်ဘူး။
- ဥပမာ basic ပရိုဂရမ်သမား ဆိုရင်၊ C++ ရဲ့ syntax တွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိကောင်းသိလာမယ်။ ဒါပေမယ့် C++ ရဲ့ တကယ်ကောင်းတဲ့ နေရာ၊ မကောင်းတဲ့ နေရာတွေကို သိမှာ မဟုတ်ဘူး။ ဒါကြောင့် ဘာမှ အဓိပဿပာယ်မရှိဘူး။
- အလန် ပါးလစ်ဆိုတဲ့သူပြောဖူးတယ် ... ဘာသာစကားတစ်ခုဟာ သင့်ရဲ့ လက်ရှိ ပရိုဂရမ် စဉ်းစားပုံ စဉ်းစားနည်းကို ပြောင်းလဲစေမှု မရှိဘူးဆိုရင်၊ လေ့လာရတာ မတန်ပါဘူး တဲ့။
- တကယ်ဖြစ်လာမှာက C++ ရဲ့ တပိုင်းတစ လောက်ပဲ နားလည်လိုက်မှာပါ။ ပရိုဂရမ် တကယ်တတ်ဖို့မဟုတ်ပဲ၊ အလုပ်ဘယ်လိုပြီးအောင်လုပ်ရမလဲ ဆိုတာ မျိုးနဲ့ ပိုပြီး တူတာတွေ့ရပါတယ်။
တကယ်တော့ သုံးရက်ဟာ ဘာမှ မဟုတ်ဘူး ဆိုတာ လုပ်ကြည့်ရင် သိပါလိမ့်မယ်။
------
ပရိုဂရမ်ကို လေ့လာဖို့ ဆယ်နှစ် အချိန်ပေးပါ။
သုတေသန ပညာရှင်တွေဖြစ်တဲ့ (Bloom (1985), Bryan & Harter (1899), Hayes (1989), Simmon & Chase (1973)) တို့ကို ကြည့်ပါ။ သူတို့တွေ သူတို့ရဲ့ ကိုယ်ပိုင် ပညာရပ်တွေကို ကျွမ်းကျင်ဖို့ ဆယ်နှစ် အချိန်ယူခဲ့ကြရပါတယ်။ ချက်စ် ကစားတာ၊ အနုပညာ ဖန်တီးတာ၊ ကြေးနန်း ပို့ဆောင်တဲ့ပညာ၊ ပန်းချီဆွဲတာ၊ စနဿဒယားတီးတာ၊ ရေကူးတာ၊ တင်းနစ် ကစားတာ၊ ဦးနှောက်နဲ့ အာရုံကြော ပညာအတွက် သုတေသန လုပ်တာတွေဟာ တကယ့်ကို အချိန်ပေးခဲ့ရပါတယ်။
အဓိက အောင်မြင်ဖို့ဟာ တစ်မျိုးတည်းကို ပဲ ထပ်ခါထပ်ခါ လုပ်ရုံနဲ့ လဲမရပါဘူး။ ကိုယ့်အစွမ်းအစ ထက်ပိုမိုတဲ့ အရာကို အမြဲပဲ လေ့လာလုပ်ဆောင် ကြည့်နေဖို့ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုသာလာအောင် အမှားကင်းလာအောင် ပြုလုပ်နိုင်ဖို့ကို သာလျှင် ထပ်ခါထပ်ခါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဖြတ်လမ်းဆိုတာလည်း မရှိပါဘူး။ မိုးဇက်ဆိုတဲ့ အနုပညာ ပါရမီရှင်ဟာ အသက် ၄ နှစ်ကတည်းက တေးဂီတကို စလုပ်ခဲ့ပေမယ့် ကမဿဘာ့အဆင့်အတန်းဝင်ဖြစ်ဖို့ ၁၃နှစ် ကြာခဲ့ပါတယ်။
Beatles ဟာလည်း ၁၉၅၇ ကတည်းက ကလပ်တွေမှာ စတင်တီးဆိုဖျှောဖြေခဲ့ပေမယ့် တကယ်တမ်း အောင်မြင်ခဲ့တာ ၁၀ နှစ်ကြာပြီး ၁၉၆၇ ခုနှစ်မှ ဖြစ်ပါတယ်။
အထက်ပါ အနုပညာရှင်တွေ အားလုံး အသက် ၅နှစ်လောက်ကတည်းက စတင်လေ့လာခဲ့ပါတယ်။
အသက် ၅ နှစ်သားတုန်းက လေ့ကျင့်မှုဟာ တစ်ပတ်ကို ၂နာရီ ၃ နာရီ ဝန်းကျင်လောက်ရှိပါတယ်။
အသက် ၈ နှစ်လောက်မှာ ပိုမို စွမ်းဆောင်လာနိုင်ပြီး တစ်ပတ်ကို ၆ နာရီ ၊ အသက် ၁၂ နှစ်မှာ တစ်ပတ် ၈ နာရီ၊ အသက် ၁၆ နှစ်မှာ ၁၄ နာရီ စသဖြင့်လေ့လာခဲ့ပြီး အသက် ၂၀ မှာ တစ်ပတ်ကို နာရီ ၃၀ မျှ ရှိပါတယ်။
အသက်၂၀ ရောက်နေတဲ့ အချိန်မှာ လေ့ကျင့်ခဲ့တဲ့ အချိန်တွေကို ပောင်းကြည့်ရင် နာရီ ၁၀၀၀၀ လောက် ရှိနေပါတယ်။ အခြား ပုံမှန်တှောသူတွေဟာ နာရီ ၈၀၀၀ လောက်ပါ။ သူတို့ကို သင်ပြပေးသူတွေဟာတော့ နာရီ ၄၀၀၀ လောက်ပဲ ရှိပါလိမ့်မယ်။
ဒါကြောင့် အတိအကျပြောမယ်ဆိုရင်တော့ ၁၀ နှစ်ဆိုတာထက် နာရီ ၁၀၀၀၀ လောက် လေ့ကျင့်ဖို့ လိုတယ်ဆိုတာပါဘဲ။
ဆာမျူရယ် ဂျွန်ဆင် (1709-1784) က ဒီလို ပြောခဲ့ပါတယ် "ဘယ်နေရာက ထူးချွန်တဲ့သူမဆို အောင်မြင်ဖို့ အတွက် ဘဝနဲ့ ရင်းပြီး ကြိုးစားလာကြရတာပဲ၊ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ဟာ မဟုတ်ဘူး ဆိုတာပါပဲ။"
Chaucer (1340-1400) က ဒီလို ညဉ်းတွားဖူးပါတယ် ... ဘဝဆိုတာ တိုသလောက် တစ်ခုခု ကျွမ်းကျင်အောင် လုပ်ဖို့က တှောတှောကြာတယ်။
Hippocrates (c. 400BC) ကတော့ ဒီလိုမျိုး ပြောဖူးပါတယ်။ ဘဝဟာ သိပ်တိုတယ် ... ကြိုးစားမှုက ကြာရှည်ရတယ်၊ အခွင့်အရေးတွေက မမြင်ရသလောက်ပဲ၊ စမ်းသပ်မှုတွေအတွက် အောင်မြင်မှုတစ်ခုရဖို့ဟာ အင်မတန်ခက်ခဲတယ်။
-----
ပရိုဂရမ်နဲ့ ပတ်သက်ပြီး အောင်မြင်ဖို့အတွက် လမ်းကြောင်းကို ဒီလိုပြောပြချင်ပါတယ်။
၁။ အရေးအကြီးဆုံးက တကယ်စိတ်ဝင်စားပါစေ၊ ကိုယ်ဘာရေးလိုက်ရေးလိုက် ပျှောရွင်မှုရှိပါစေ။ တကယ်ပျှောရွင်မှုရှိမှ ဆယ်နှစ်လုပ်ကိုင်နိုင်သွားဖို့ အင်အားတွေရှိမှာ ဖြစ်ပါတယ်။
၂။ အခြား ပရိုဂရမ်မာတွေနဲ့ စကားပြောဖြစ်အောင် ကြိုးစားပါ။ အခြားသူတွေရေးထားတဲ့ ပရိုဂရမ်တွေကို ဖတ်ဖြစ်အောင်ကြိုးစားပါ။ ဒါဟာ စာအုပ်တွေ ဖတ်တာထက်၊ သင်တန်းတွေ တက်တာထက် ပိုအရေးကြီး ပါတယ်။
၃။ ပရိုဂရမ်ဆိုတာ ရေးကြည့်ရင်းနဲ့ မှ ပိုတတ်တဲ့ အမျိုးပါ။ အသေးအမွှား ပရိုဂရမ်လေးတွေတောင် ဖန်ရှင် အပြည့်အစုံနဲ့ ဖြစ်အောင်ရေးပါ။ အခြားသူတွေရဲ့ သုံးသပ်မှုတွေကတဆင့် ပိုကောင်းအောင်လုပ်ကြည့်ပါ။ အမှားတွေကို ပြင်ဖြစ်အောင် ပြင်ကြည့်ပါ။
၎။ အကယ်၍ သင်ဟာ တကဿကသိုလ်ကို လည်း ၄ နှစ်လောက်တက်ချင်သေးတယ်လည်းတက်လို့ရပါတယ်။ ဒါဟာ သင့်အတွက် ပိုပြီး နက်နဲတဲ့ အတွေ့အကြုံတစ်ခုကို ရကောင်းရပါလိမ့်မယ်။ မတက်ဘူးဆိုရင်လည်း အလုပ်ကနေလဲ ရနိုင်ပါတယ်။ တကဿကသိုလ်ပဲဖြစ်ဖြစ် အလုပ်ပဲဖြစ်ဖြစ် စာအုပ်ကနေ လေ့လာရုံဆိုရင်တော့ မလုံလောက်ပါဘူး။ ကွန်ပျူတာ တကဿကသိုလ် ပညာရေးဟာ ဘယ်သူ့ကိုမှ ပညာရှင်အဆင့်ဖြစ်အောင် ပြုလုပ်မပေးနိုင်ပါဘူး။ ပန်းချီပညာ ဆိုရင် စုတ်တံ သုံးပုံသုံးနည်းနဲ့ ဆေးစပ်ပုံ အခြေခံကို ပဲ သင်ပေးနိုင်မှာ ဖြစ်ပါတယ်။
၅။ အခြား ပရိုဂရမ်မာတွေပါတဲ့ ပရောဂျက်တစ်ခုခုကို ဝင်လုပ်ပါ။ တချို့ ပရောဂျက်တွေမှာ ထိပ်သီးဖြစ်အောင်ကြိုးစားပါ။ တချို့ပရောဂျက်မှာ အောက်ဆုံးကလဲ ဖြစ်ရင်ဖြစ်နေပါစေ။ သင်ထိပ်ဆုံး ရောက်နေစဉ်မှာ သင့်စွမ်းရည်ကို အကောင်းဆုံးအသုံးချပါ။ အခြားသူတွေကိုလည်း သင့် တွေးခှေါမှုတွေကို ထုတ်ဖှောပြသပါ။ သင်အောက်ဆုံးမှာ ရောက်နေတဲ့ ပရောဂျက်ဆိုရင်လည်း ရှေ့က ဆရာ့ဆရာတွေ လုပ်တာကို လေ့လာပါ၊ သူတို့ လုပ်တာ မလုပ်တာတွေကိုလည်း ဆင်ခြင်သုံးသပ်ပါ။
၆။ အခြားသူတွေရဲ့ ပရောဂျက်တွေကို လေ့လာပါ။ နားလည်အောင်လုပ်ထားပါ။ အကယ်၍ အရေးပှေါအခြေအနေ ပြင်ဖို့လိုတာတွေရှိရင် နဂို ရေးတဲ့သူတွေမရှိရင် သင်ဝင်ရေးနိုင်အောင် လုပ်ထားပါ။
နောက်ပြီး နောက်လူ အတွက်လည်း အလွယ်ဆုံးဖြစ်အောင် ပရိုဂရမ် ဒီဇိုင်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါ။
၇။ ပရိုဂရမ် ဘာသာစကား အနည်းဆုံး ဒါဇင်ဝက် လောက်တော့ လေ့လာပါ။ class ရဲ့ သဘောသဘာဝတွေ ပါဝင်တဲ့ ဂျာဗား တို့ C++ တို့တော့ တစ်ခု အနည်းဆုံးပါဝင်ပါစေ၊ နောက်ပြီး ဖန်ရှင် သဘောသဘာဝတွေပါဝင်တဲ့ Lisp တို့ ML တို့လိုမျိုးကို လည်း တစ်ခုပါဝင်ပါစေ၊ Template သဘောတရားတွေပါဝင်တဲ့ Prolog တို့ C++ Template လိုဟာမျိုးတစ်ခု၊ coroutines လို့ခှေါတဲ့ အပိုင်းလေးတွေခွဲပြီး အလုပ်လုပ်လို့ရတဲ Icon တို့ Scheme လိုဟာမျိုးတစ်ခု၊ Sisal လို့ခှေါတဲ့ Parallel အသုံးပြု လို့ရတဲ့ သဘောထားတွေပါတာမျိုးတွေကို လေ့လာသင့်ပါတယ်။
၈။ နောက်ပြီး ပရိုဂရမ် အချက်အလက်တစ်ခု အလုပ်လုပ်ချိန်မှာ အချိန် ဘယ်လောက်ကြာတာတို့၊ memory ပှေါက စာလုံးတစ်လုံးဖတ်ဖို့ ဘယ်လောက်ကြာတာတို့၊ cache ပါရင် ဘယ်လောက်ကြာတယ်။ မပါရင် ဘယ်လောက်ကြာတယ်တို့၊ ဟာ့ဒစ်ကနေ စာလုံးတွေ ဆက်တိုက်ဖတ်ရင် ဘယ်လောက်ကြာတယ်တို့၊ ဟာ့ဒစ်ရဲ့ ဖတ်နေတဲ့ နေရာမဟုတ်ပဲ အခြားနေရာက ဖိုင်ကိုသွားရှာရင် ဘယ်လောက်ကြာတယ် စသဖြင့်ကို သိထားသင့်ပါတယ်။ ဒါတွေသိထားရင် အခြား ပရိုဂရမ်တွေထက် အလုပ်လုပ်ပုံခြင်း တူရင်တောင်မှ ပိုကောင်းတဲ့ ပိုမြန်တဲ့ ပရိုဂရမ်ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
၉။ တတ်နိုင်ရင် ကွန်ပျူတာ ဘာသာစကားတွေရဲ့ စံသတ်မှတ်ခြင်းအဖွဲ့တွေမှာပါ ပါဝင်နိုင်အောင်ကြိုးစားပါ။ ANSI C++ ကှောမတီလဲဖြစ်ရင်ဖြစ်မယ်၊ ကိုယ်ပိုင် ကုတ်ရေးပုံရေးနည်း စတိုင် ညှိနှိုင်းပွဲလဲဖြစ်ရင်ဖြစ်မယ်။ ကုတ်တစ်ကြောင်းရှေ့မှာ စာလုံး အလွတ် ဘယ်နှခု စသဖြင့်ပေါ့။ ဒါတွေလဲ စနစ်တကျဖြစ်အောင် လုပ်ကြပါတယ်။ အဲဒီမှာ ပါဝင်ခြင်းအားဖြင့် ပရိုဂရမ်ရဲ့ သဘောတရားတွေကို ရေးပုံရေးနည်း စတိုင်စတာတွေကို ပိုမို နားလည်လာမှာပါ။ ဘယ်ပရိုဂရမ်မှာတော့ဖြင့် ဘာကကောင်းတယ်။ ဘယ်သူတွေက ဘယ်လို သဘောကျတယ် ဆိုတာတွေလည်း အရေးပါပါတယ်။
အဲ စတန်းဒတ် လုပ်ဖို့ကတော့ မှန်မှန်ကန်ကန်နဲ့ သဘာဝ ကျတဲ့ နည်းလမ်းကို မြန်မြန်ဆုံးဖြတ်နိုင်ပါစေ။ (ကြာသွားရင် လူလက်ခံဖို့ခက်မှာစိုးလို့ဖြစ်မယ်။)
အဲဒါတွေ အကုန်လုံးကို ခေါင်းထဲထည့်ထားပါ။ စာအုပ်ကနေ ဘယ်လောက်လေ့လာနိုင်လဲ ဆိုတာ လက်တွေ့သိမြင်လာပါလိမ့်မယ်။
ကျနှော ကိုယ်တိုင် စာအုပ်နဲ့လေ့လာခဲ့ဖူးတယ်။ ကျနှော (နောဗစ်) ပထမ သားဦး မွေးတဲ့ အချိန်မှာ How To လို စာအုပ်တွေ အကုန်ဖတ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဘာမှ မဟုတ်သေးကြောင်း ကိုယ်ကိုယ်ကို သိနေပါတယ်။ နောက် ၂နှစ်ခွဲလောက်ကြာတော့ အဲဒီမှာ ပြန်စဉ်းစားကြည့်တယ်။ စာအုပ်တွေ ပြန်ဖတ်သင့်သလားလို့ ... နောက်ဆုံး အဲဒီစာအုပ်တွေ ပြန်ဖတ်မယ့်အစား ပညာရှင်တွေ ရေးနေတာတွေကို လေ့လာတာ၊ ပိုအသုံးဝင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
Fred Brooks ဆိုတဲ့ သူတစ်ယောက် ဆော့ဝဲ ဒီဇိုင်း ပညာရှင်တွေ မွေးထုတ်ခဲ့ပုံကတော့ ဒီလိုပါ။
၁။ ပုံမှန် စနစ်ကျကျ ဒီဇိုင်း ပညာရှင်တွေကို အရင်ဆုံးရှာတယ်။
၂။ သူတို့အတွက် တိုးတက်အောင်မြင်ဖို့ အတွက် career လမ်းချပေးတယ်။
၃။ ဒီဇိုင်းသမားတွေ အချင်းချင်း တွေ့ဆုံ၊ နည်းပညာ ဖလှယ်နိုင်အောင် လုပ်ပေးတယ်။
ဒါဟာ ဘာကိုပြောသလဲ ဆိုရင် တချို့သူအတှောများများမှာ အရည်အချင်းတစ်ခု ရှိနေပြီးသားပဲ။
အလုပ်က လိုက်လျှောညီထွေ ဖြစ်မယ်ဆိုရင် အောင်မြင်တဲ့ ပရိုဂရမ်မာတွေ ဖြစ်လာမှာပဲ လို့ ကောက်ချက်ချလို့ရပါတယ်။
---
ဒါကြောင့် လက်ရှိ ဂျာဗားစာအုပ်ကို သင်ဝယ်မယ် စဉ်းစားနေတယ်ဆိုရင် သွားသာ ဝယ်လိုက်ပါ။
သူ့အတိုင်းအတာနဲ့ သူတော့ အသုံးကျပါလိမ့်မယ်။ ဒါပေမယ့် အဲဒါနဲ့ ၂၄နာရီ အတွင်း၊ ရက် အနည်းငယ် အတွင်း၊ သို့ လအနည်းငယ် အတွင်းမှာတော့ သင့် ဘဝကို ပြောင်းလဲနိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။
ပီတာ နောဗစ် http://norvig.com
---
Original Article : http://norvig.com/21-days.html
တချို့နေရာတွေမှာ ဆီလျှောသလို ပြန်ထားခြင်း ဖြစ်ပါတယ်။ မူရင်းဆိုလိုရင်းနဲ့ ကွဲပြားကောင်း ကွဲပြားပါမည်။ :-)
---
I am learning programming 11 years now, but I am still cant do half of it :P
Well, I am not him :P
Anyway, Cheers,

Memo# π ပိုင် ဆိုတာ 3.14 = PI.E ဆိုပဲ :P
3.14 ကို မှန်ထောင်ကြည့်ရင် PI.E လို့ရတယ်ဆိုပါလား။ ဘာလို့ အရင်က သတိမထားမိပါလိမ့်။
http://labaq.com/archives/51265994.html
:P
A New Myanmar Movies site, If you interested
http://www.kosaw.jp/
You may interested, if you watch those movies and songs.
# btw, I am not involved in making that site :P

တှောနေးဒိုး - Tornado - Web Server written in Python
http://www.tornadoweb.org/
Facebook ရဲ့ FriendConnect ဆိုတဲ့ နေရာမှာ အသုံးပြုထားတယ်လို့ဆိုပါတယ်။ တစ်စကဿကန့်ကို request ထောင်နဲ့ချီပြီး အလုပ်လုပ်နိုင်တယ်လို့ဆိုပါတယ်။
ထွက်ပြီး တစ်ရက်အကြာ မှာ http://blog.shibu.jp/article/32075270.html ဂျပန်ဘာသာကို ဘာသာပြန်တဲ့သူတွေက ပြန်ပြီးသွားပါပြီ။ :-)
nginx ကို ဆာဗာရှေ့မှာခံပြီး အလုပ်လုပ်ရင် ပိုမြန်ပုံရပါတယ်။ ကျနှောတော့ Search Engine မှာ သုံးဖို့ စာရင်း List ထဲ ထည့်ထားလိုက်ပြီ။
မာ့ခ်

ဖြတ်ညှပ်ကပ် but Fun
http://www.youtube.com/watch?v=gcROJpTgHBc&feature=player_embedded
I say ဖြတ်ညှပ်ကပ်, because when you look at left upper corner, the shaking of camera is looping in same patterns.
http://labaq.com/archives/51265252.html

ပေါက်တတ်ကရ :P
ကယ်ဆယ်ရေးသမားတွေ ဘာလုပ်နေကြပါလိမ့် :P

ဘာလို့ ဒီလူက မှောက်နေရတာလဲ မသိဘူး :P
တစ်ယောက် ခုံအောက်ကို ငုံကြည့်နေတာ ဘာလို့ဘာလိမ့် ...
သင် ကယ်ဆယ်ရေး ဝန်ထမ်းဖြစ်ရင် ဒါမျိုးလဲ ကယ်ရမယ်ထင်တယ်။ :P hahaha :P
http://labaq.com/archives/51077897.html?l=o
original link

Php နဲ့ ဂျီမေးပို့နည်း - Sending Email using Gmail from Php (Hello World!)
Php နဲ့ ဂျီမေးပို့နည်း Sending Email using Gmail from Php (Hello World!)
# Be Good, Don't be Evil :-)
Cheers,
Mark
$user=$from="[email protected]" $to="[email protected]" $passwd="[email protected]'s password" require_once 'Mail.php'; $params = array( 'host'=> 'tls://smtp.gmail.com','port'=> 465,'auth'=> true,'debug' => false, 'username' => $user, 'password' => $passwd ); $smtp = Mail::factory('smtp', $params); $smtp->send($to, array('From'=>$from,'To'=>$to), "Hello World!");
# Be Good, Don't be Evil :-)
Cheers,
Mark
ပိုင်သွန်နဲ့ ဂျီမေးပို့နည်း - Sending Email using Gmail from Python (Hello World!)

ပုံမှန်အီးမေးဆာဗာထောင်ထားတဲ့စက်ဆိုရင်တော့ လော့ခ်အင်တွေ ဟယ်လိုတွေ ပါတွေမလိုပါဘူး။ ဂျီမေးကို သုံးပြီး ပို့ချင်တယ်ဆိုရင်တော့ လိုအပ်ပါလိမ့်မယ်။

user=from="[email protected]" to=["[email protected]"] passwd="[email protected]'s password" import smtplib m = smtplib.SMTP("smtp.gmail.com", 587) m.ehlo() m.starttls() m.ehlo() m.login(user, passwd) m.sendmail(user, to, "From: %s\nTo: %s\n\nHello World!"%(from,to)) m.close()
Cheers,
Mark
Subscribe to:
Posts (Atom)
ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ
-
-
သဟဇာတ ...7 months ago
-
စာပေဆု ၂၀၂၀1 year ago
-
ရွာရန် ရာနှုန်း ၈၀1 year ago
-
Something about the protection of UNESCO2 years ago
-
Baby Y's birth story3 years ago
-
ပုစွန်ဘော့ချိတ်ကြော်3 years ago
-
စိတ္တဇ ကဗျာများ4 years ago
-
ဘောင်ခတ်ပါ၊ မသတ်နဲ့ ...5 years ago
-
-
မင်္ဂလာပါရှင် ☆彡7 years ago
-
စိတ်အချဉ်ပေါက်ခြင်း8 years ago
-
-
50.1 ဘ၀ထဲ ရွာလည်ကြသူများ9 years ago
-
-
2010.06.29の愛妻弁10 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)11 years ago
-
တူမလေးများနဲ့ တလတာ..11 years ago
-
Idea August, 201011 years ago
-
ကျေးဇူးတင်လိုက်ပါ11 years ago
-
လက်ဖက်ထမင်းသုပ်12 years ago
-
-
-
-
-
-
-
-
-