Loading

Firefox 3.5 is out

Firefox 3.5 is officially out (I am using 3.6 though) :-)

http://www.mozilla.com/en-US/firefox/firefox.html

Burglish Systems အိမ်ပြောင်းခြင်း (from googlepages to burglish.my-mm.org)

အစက သပ်သပ်ပို့စ်အနေနဲ့ မတင်တော့ဘူးလို့ပါပဲ။

ဒါပေမယ့် burglish.googlepages.com ကို သုံးနေတဲ့သူ 10% လောက်ရှိပုံပေါ်တဲ့အတွက်

bookmark လုပ်ထားသူများ

http://burglish.com

ဒါမှမဟုတ်

http://burglish.my-mm.org/latest/trunk/web/testarea.htm
http://burglish.my-mm.org/latest/trunk/web/fontconv.htm

သို့ ပြောင်းလဲ bookmark လုပ်ကြပါရန်။

ဒါနဲ့ ကျနော် ကိုယ်တိုင် မထင်ထားတာကတော့ Burglish ဟာ တစ်နေ့ကို access ပျမ်းမျှ ၅၀၀၀ ခန့် ရှိနေပါတယ်။

Rgds,
Soe Min

Don't Use C# or Mono (by Richard M. Stallman)

http://slashdot.jp/opensource/article.pl?sid=09/06/30/0123204

http://sourceforge.jp/magazine/09/06/29/050217

http://www.fsf.org/news/dont-depend-on-mono

Debian နောက်ဆုံးထွက်တဲ့ ဗားရှင်းမှာ Mono ကို ထည့်ထားတာတွေ့ရပြီး အဲတာဟာ Community ကို မဖြစ်သင့်တာတွေ ဖြစ်မလာဘူးလို့ ပြောမရပါဘူး။

C# ဟာ Microsoft ရဲ့ မူပိုင်ဖြစ်တယ်။ ဒါကြောင့် Microsoft ဟာ အချိန်မရွေး Mono စတဲ့ Free အဖြစ်ထုတ်ထားတဲ့ ဟာတွေအကုန်လုံးကို Special Patent ကို အသုံးပြုပြီး ကိုင်လှုပ်လို့ရပါတယ်။

C# သုံးလို့မရရင် C# ကို သုံးထားတဲ့ သင့်ရဲ့ Free Applications တွေလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။

Michael Jackson Kills the Internet

အင်တာနက်ဟာ နျူးကလီးယားရဲ့ ဒါဏ်တောင် ခံနိုင်အောင် ဒီဇိုင်းဆွဲထားတယ် လို့ဆိုထားပေမယ့် မိုက်ကယ်ဂျက်ဆင် သတင်းကြောင့် အသက်မထွက်တာ ကံကောင်းသွားတယ်လို့ဆိုပါတယ်။ :P

http://www.daniweb.com/blogs/entry4472.html

ဂူဂယ်ကလည်း ဆာဗာကို attack လုပ်ခံရတယ် အထင်နဲ့ Error page ဖြစ်အောင် လုပ်ပစ်တဲ့ အထိဖြစ်ပါတယ်။

Google-Mistook-Jackson-Searches-For-Net-Attack

#Memo - FastCGI

ကျနော်တို့ unix က shell ထဲမှာ script ကို run ရင်

#!/bin/sh
#!/usr/bin/perl

စသဖြင့် ထိပ်ဆုံးလိုင်းမှာ ရေးလေ့ရေးထရှိပါတယ်။

windows မှာဆိုရင် script run ချင်ရင် wscript.exe script.vs စသဖြင့် run တာနဲ့ ဆင်မယ်ထင်ပါတယ်။

အဲသလို run ရင် wscript.exe, sh, perl စတဲ့ main program ကို အရင် load လုပ်ရပါတယ်။

web site အနေနဲ့ ဆိုရင် user ရဲ့ request တိုင်းမှာ အဲလိုလုပ်နေရရင် performance ကို ထိခိုက်ပါတယ်။

အဲဒါကို ဖြေရှင်းဖို့ တစ်နည်းကတော့ apache ရဲ့ modules အနေနဲ့ လုပ်ထားတဲ့ mod_cgi, mod_perl, mod_python စတာတွေသုံးပါတယ်။ တစ်ခါ ပဲ load လုပ်ထားတဲ့ သဘောပေါ့။

နောက်တစ်နည်းကတော့ FastCGI, fcgid စတာတွေနဲ့ cgi, php, python, ruby တွေကို memory ပေါ်ကို တစ်ခါဆွဲတင်ပြီး ထပ်ခါထပ်ခါ memory ပေါ်ကနေပဲ သုံးတဲ့ နည်းပါ။

ဥပမာ - ဟော့ဒီ perl script ဟာ FCGI ကို သုံးထားပြီး page ကို refresh လုပ်တိုင်း
I have run 1 times. I have run 2 times. I have run 3 times. စသဖြင့် တိုးတိုးသွားမှာ ဖြစ်ပါတယ်။

#!/usr/bin/perl

# တစ်ခါပဲ run

$counter=0;

# ထပ်ခါတစ်လဲလဲ run

use FCGI;
while ( FCGI::accept() >= 0 ) {
$counter++;
print "Content-type:text/html\n\n";
print "I have run $counter times.";
}

cache နဲ့ မတူပါဘူး။ cache က အကြောင်းအရာ တစ်ခု တည်းကို ပဲ ပြန် output ထုတ်ပေးမှဖြစ်ပြီး ဒီဟာကတော့ program run တဲ့ speed ကို မြန်အောင် memory ပေါ်တင်ထားတဲ့ နည်းလို့ပြောလို့ရမယ်ထင်ပါတယ်။

memory ပေါ်ကဟာ ကို ဟော့ဒီလို ခေါ်ကြည့်လိုက်ရင်၊ ဟော့ဒီလိုမျိုး memory ပေါ်မှာ ရှိနေတာကို တွေ့နိုင်မှာပါ။
PID  PPID  C STIME TTY          TIME CMD
12419 21017 0 06:13 ? 00:00:00 /usr/bin/perl test.fcgi

FCGI ကို သုံးဖို့အတွက် mod_fcgi လိုအပ်ပါမယ်။
.htaccess မှာဖြစ်ဖြစ် httpd.conf / apache2.conf စတာတွေမှာ ဟော့ဒီလို့ထည့်ပေးရပါလိမ့်မယ်။
AddHandler fastcgi-script .fcgi
Options +FollowSymLinks +ExecCGI

.fcgi ဖိုင်ကို executable access ပေးရပါလိမ့်မယ်။
chmod +x test.fcgi

Cheers,
Soe Min

mod_python.psp

Asp တို့ Php တို့လို <% %>, <%= %> ဒီဇိုင်းမျိုးနဲ့ ရေးချင်ရင်

httpd.conf မှာ ဟော့ဒီလို ရေးပေးနိုင်ပါတယ်။
<Directory "C:/xampplite/htdocs">
AddHandler mod_python .psp
PythonHandler mod_python.psp
</Directory>

test.psp မှာ ဒီလိုရေးလို့ရပါတယ်။
<%= 'Hello World' %>

လူအတော်များများကြိုက်ကောင်းကြိုက်ပါလိမ့်မယ်။ ကျနော် ကတော့ သိပ်သဘောမကျပါဘူး။
အသုံးမတော်ရင် ကိုယ့်ဆိုဒ်ထဲကို code တွေ inject လုပ်ပြီး ဆာဗာတစ်ခုလုံး ကြွသွားနိုင်ပါတယ်။

Rgds,
Soe Min

mod_python.publisher

httpd.conf ထဲမှာ PythonHandler test လို့ရေးရင် test.py ဖိုင်တစ်ခုပဲ run လို့ရပါမယ်။

mod_python.publisher သုံးရင် *.py ကို run ခိုင်းလို့ရပါတယ်။

<Directory "C:/xampplite/htdocs/">
AddHandler mod_python .py
PythonHandler mod_python.publisher
</Directory>

test.py (ပိုသန့်သွားပါတယ်။ ကျနော် ဒီနည်းကို အကြိုက်ဆုံးပါ)
def index():
return "Hello World!"

ဒါလည်း Hello World! ပဲပေါ်ရပါမယ်။

Cheers,
Soe Min

mod_python with xampp

mod_python ဟာ python ကို web application အနေနဲ့ သုံးလို့ရအောင် apache နဲ့ link လုပ်ပေးတဲ့ module ဖြစ်ပါတယ်။

I am using following versions.

xampplite 1.7.1, python 2.5, mod_python 3.3.1

xampplite-win32-1.7.1.exe

python-2.5.4.msi

mod_python-3.3.1.win32-py2.5-Apache2.2.exe

mod_python install လုပ်ရင် mod_python.so ကို xampp/apache/modules အောက်မှာ ဖြန့်ပေးအောင် ရွေးပေးလို့ရပါတယ်။ ကိုယ့်ဘာသာကိုယ် ဖြန့်ရင်လည်းရပါတယ်။

xampp/apache/conf/httpd.conf မှာ ဒီဟာထဲ့
LoadModule python_module modules/mod_python.so

Directory တစ်ခုခုမှာ AddHandler ဖြည့်ပေး ရင်
<Directory "C:/xampplite/htdocs"> 
AddHandler mod_python .py
PythonHandler test
</Directory>

test.py
from mod_python import apache

def handler(req):
req.write("Hello World!")
return apache.OK
ကို run ရင်

Hello World! လို့လာပေါ်ပါမယ်။

Cheers,
Soe Min

#Memo - Added Feed Burner Link

#Memo - Added Feed Burner Link

now there is two feed link,

one is original

- http://www.soemin.net/feeds/posts/default

and another one is

- http://feeds.feedburner.com/soemin-mark



They are different, feedburner will count as per reader and other one will not

#Memo - Firefox 3.5 Features

Firefox 3.5 will release very soon, now in Beta 4 state (I am using 3.6 trunk version though)

https://developer.mozilla.org/en/Firefox_3.5_for_developers

- Font Embedding will support
- Web Page တစ်ခုကနေ တစ်ခုကို Drag Drop ရလာမယ်
- Mouse Gestures တွေရလာမယ်။
- Cross-Domain Request အတွက် ရလာမယ် (Server မှ support လုပ်ဖို့လို)
- HTML 5 ကို support လုပ်လာမယ်။
- စာလုံးကို Shadow ထည့်တာတွေရလာမယ်။
- ogg, wav ဖိုင်တွေကို plugin မလိုဘဲ သုံးလို့ရလာမယ်။ (may b security risk :P heehee)
- ပိုမြန်လာမယ်ဆိုပါတယ်။ (ကျနော်ကတော့ ပိုနှေးသွားတယ်ထင်ပါတယ်။ :P)

Cheers,
Soe Min

Me & Lawka Ahla

Me & Lawka Ahla Magazine (Interview about my Projects)

http://www.lawka-ahla.com/news.php?item.763

bing.com

microsoft search abcd 7z


its display binary data :D heehee, do we need to see binary data or do we understand? :P

may b even exploits can be feed as search data to bing, coz its support binary data :D

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ