Loading

တိုယိုတာ နှစ်ကုန် စည်းဝေးပွဲ၊ ယခုနှစ် ၁၅ဝ ဘီလီယမ် ယန်း အရှုံးပေါ်

တိုယိုတာ ကားကုမဿပဏီ ဥကဿကဌ ဝါတာ့နာ့ဘဲ ခါစုအာ့ကိဟာ ဒီဇင္ဘာ ၂၂ရက်နေ့တွင် နာဂိုယာမြို့မှာ နှစ်ကုန် ဆွေးနွေးပွဲပြုလုပ်ပြီး ၂ဝဝ၉ ခုနှစ် တတိယ ဘဏဿဍာနှစ် အရှုံးအမြတ်စာရင်းကို တင်ပြခဲ့ပါတယ်။ ဒီနှစ်မှာ ၁၅ဝ ဘီလီယမ် ယန်း အရှုံးပေါ်ကြောင်းနဲ့ ၁၉၃၇ ကုမဿပဏီ စထောင်ပြီးခါစကလွဲပြီး တစ်ခါမှ မရှုံးခဲ့ဘူးဘဲ ပထမဆုံးအကြိမ် အရှုံးပေါ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုယိုတာဟာ နိုင်ဝင်ဘာ ၆ရက်မှာ တစ်ခါ စာရင်းချုပ် တင်ပြခဲ့ပေမယ့် အဲဒီနောက် ပိုမိုဆိုးရွားသွားမှုကြောင့် ထပ်ပြီး စာရင်းချုပ် တင်ပြရခြင်းဖြစ်ပါတယ်။
ကမဿဘာ့ ကားအရောင်းအဝယ်ဟာ ၁၅.၄ ရာခိုင်နှုန်းလျော့ကျသွားပြီး ၇၅.၄သိန်းစီးသာရှိတော့ကြောင်း ၁၁လပိုင်းမှစပြီး စီးရေ ရသိန်းထပ်မံလျော့ချခဲ့ရကြောင်း ပြောခဲ့ပါတယ်။

တိုယိုတာဟာ စာရင်းအရဆိုရလျှင် ရောင်းရနှုန်းဟာ ၁၈.၂ ရာခိုင်နှုန်း လျော့ပြီး ၂၁.၅ ထရီလီယမ် ယန်းဖိုး၊ အမြတ် က ၉၇.၁ ရာခိုင်နှုန်း ကျဆင်း ပြီး ၅ဝ ဘီလီယမ် ယန်းဖြစ်သွားခဲ့ရပါတယ်။
ငွေဈေးကွက်အနေနဲ့ကတော့ ဒီဇင်ဘာလနေပြီး တစ်ဒေါ်လာ ၉ဝ ယန်း၊ တစ်ယူရို ၁၂ဝ ယန်း လောက်ပဲ မှန်းနိုင်ပါတော့တယ်။ ယန်းဈေးတက်မှုကြောင့် အမြတ်လျော့သွားမှုဟာ ၈၉ဝ ဘီလီယမ် ယန်း အထိဖြစ်သွားပါတယ်။

ဥကဿကဌ ဝါတာ့နာ့ဘဲဟာ ကမဿဘာ့ ဈေးကွက်ကို သွေးအေး စေခဲ့တဲ့ အရောင်းအဝယ် ကျဆင်းမှုနဲ့ ယန်းဈေးတက်မှုတွေကြောင့် ဖြစ်ကြောင်း၊ အရမ်း အရေးကြီးတဲ့ အခြေအနေရှိကြောင်း၊ တစ်ကနေ ပြန်စပြီး ပြုပြင်လို့ရမယ်ဆိုရင် ပြုပြင် ပြောင်းလဲပစ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

http://response.jp/issue/2008/1222/article118184_1.html

1 comment:

sltmycom said...

ဝးပြေီ ဘေဘီပေါ့ဗျာ...ဒီနှစ် bonus တော့...

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ