Loading

စိတ်ကူးယဉ် (၁)

တစ်ခု စိတ်ကူးယဉ်ကြည့်မိတယ်။

GPS ဆိုတဲ့ တည်နေရာကိုပြတဲ့ စက်လေးတွေ ရှိတယ်။ စက်ရှိတဲ့ နေရာကို Longitute/Latitute တွေ ပြနိုင်တယ်လေ။

စက်ရှိတဲ့နေရာ မဟုတ်ပဲ လူတွေရှိတဲ့ နေရာကို အလိုအလျှောက်ပြနိုင်တဲ့ စက် ဒါမှမဟုတ် စစ်စတမ်တစ်ခု ကိုစိတ်ကူးယဉ်ကြည့်နေတယ်။

ဥပမာ လူနှစ်ယောက် ရန်ဖြစ်ပြီး တစ်ယောက်ရှုံးသွားတယ်။ နိုင်တဲ့တစ်ယောက်က တစ်နေနေရာရာကို ထွက်ပြေးသွားတယ်။ ဘယ်သူမှ မသိလိုက်ဘူး။

အဲဒါဆိုရင် ထွက်ပြေးသွားတဲ့တစ်ယောက် ဘယ်သူဆိုတာ ဘယ်သူမှ မသိတော့ ဘူးလား။ အဲဒီလိုစက်မျိုးရှိရင် အဲဒီလူ ဘယ်မှာဆိုတာ သိကောင်းသိလိမ့်မယ်။

မှတ်ချက်။ ။စိတ်ကူးယဉ်တယ်ဆိုတာ အားယားနေမှ ယဉ်နိုင်တာပါ။ ကောင်းသောလကဿခဏာပါ။ :-)

2 comments:

sin dan lar said...

ရုပ်ရင်တစ်ခုကြည့်ဖူးတယ်.. လူတစ်ယောက်က ငွေအိတ်ကြီးကိုယူပြီးထွက်ပြေးသွားတယ်..။ အဲဒါငွေအိတ်ကြီးရဲ့အလယ်မှာကိရိယာလေးရှိတယ်..။ ပြေးတဲ့လူရှိတဲ့နေရာနားရောက်ရင် လိုက်ရှာတဲ့သူကို မီးနီလင်းပြီး အချက်ပေးတယ်..။
ရုပ်ရှင်နာမည် မမှတ်မိတော့ပါ..။
ဆိုင်လားတော့မသိဘူး၊ ဝင်ဖောသွတယ်..။

မာ့ခ် said...

ဟုတ်ကဲ့ ခပ်ဆင်ဆင် ကြည့်ဖူးသလိုပဲ :D

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ