Loading

Frame-relay နဲ့ပတ်သက်တဲ့ ပြသဿသနာဖြေရှင်းနည်း(၁)

၁။ Frame-relay ကိုသုံးရတဲ့ ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်။ ဥပမာ
  • - FR Access Line ကိုသုံးထားတဲ့အတွက်ကြောင့်
  • - Encapsulation ကိုပဲ Frame-Relay သုံးချင်တဲ့အတွက်ကြောင့်။
- ကျနော် လွန်ခဲ့တဲ့ ၂ပတ်လောက်ကကြုံခဲ့တဲ့ တစ်ခုကတော့ Serial Interface ကို သုံးပြီး Encapsulation ကို Frame-Relay လုပ်တာပါ။
- ၇၆၈ kbps ထက်နဲပြီးတော့ Voice ကို QoS ထားချင်တဲ့ လိုင်းတွေမှာသုံးပါတယ်။

အဲဒီမှာ ပြသဿသနာတစ်ခုစပါတယ်။ Port က up-down ပဲဖြစ်နေခြင်းပါ။
ကျနော်က PER (Provider Edge Router) တွေပိုင်းပဲ ကိုင်ပေမယ့် တစ်ခါတစ်လေတော့ CER (Customer Edge Router) ကိုဝင်ကြည့်ပါတယ်။

အဲ… အဲဒီမှာဘာတွေ့လဲဆိုတော့ interface configuration အောက်မှာ frame-relay intf-type dte ဖြစ်နေတာပါပဲ။
တကယ်က dte သုံးဖို့ဆိုရင် တကယ် FR Access Line သုံးထားမှ သုံးသင့်ပါတယ်။
NTU နဲ့ဆက်ထားတဲ့ Serial Interface ဆိုရင် dce သုံးသင့်ပါတယ်။

နောက်တော့ CER ကို Config လုပ်တဲ့သူကိုမေးကြည့်ပါတယ်။ dce ထည့်တာ မရလို့ dte ပြောင်းထားတာပါတဲ့။ အဲ ဟုတ်တော့ဟုတ်နေတာပါပဲ။ :-)

ကျနော်ကိုယ်တိုင်စမ်းကြည့်ပါတယ်။ ဟုတ်တယ် မရပါဘူး။ :O

ဒါနဲ့ နဲနဲကြည့်ကြည့်တော့မှ Global Configuration Mode မှာ frame-relay switching ဆိုတဲ့ command မရှိနေပါဘူး။ ဒါကြောင့်မရတာပါ။ အဲတာထည့်ပြီးနောက်မှာ frame-relay intf-type dce ဆိုတာလဲ ထည့်လို့ရသွားပါတယ်။

အားလုံးအလုပ်လုပ်သွားပါတယ်။ up-up ဆိုရင် နှစ်ဦးနှစ်ဖက် ဝမ်းသာကြတာပါဘဲ။ :-)

မှတ်ချက်။ ကျနော် အတွေ့အကြုံဖြစ်ပါသည်။
တကယ် သီအိုရီပိုင်း ဟုတ်မဟုတ် ကျနော် အဲလောက် မနှံစပ်သေးပါဘူး။ :)

မာ့ခ်

No comments:

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ