Loading

မြန်မာတို့ရဲ့ LGPL နှင့် Opensource အမြင်မှားများ

Myanmar NLP က Translatorနဲ့ ပတ်သက်လို့ပြောကြဆိုကြတာ အခုတလောတွေ့ရပါတယ်။
ကျနော်ကိုယ်တိုင်ကလဲ ဒါမျိုးပဲ ဝါသနာပါတဲ့ သူမို့လို့ ဒါမျိုးတွေပဲ လေ့လာဖြစ်ပါတယ်။

Myanmar NLP က Translator ကို LGPL နဲ့ထုတ်ထားပါတယ်။
http://www.myanmarnlp.org.mm/
SharpNLP ဆိုတဲ့ English Natural Language Processing library တစ်ခုကို သုံးထားပါတယ်။
သူလည်း LGPL လိုင်စင်တစ်ခုပါပဲ။

LGPL program တစ်ခုကို library အနေနဲ့ compile လုပ်ပြီးသားဟာကို လင့်လုပ်ရုံပဲလုပ်ပြီး သုံးထားခဲ့ရင် နဂို source ကို မပြင် ရင် opensource ပြန်ပေးစရာမလိုပါဘူး။ optional ဖြစ်ပါတယ်။ ပြင်မိရင်တော့ မရဘူးပေါ့။

ဒီလိုဆိုထားတာတွေ့ပါတယ်။
>>> As you can see they don't even change to name for parser root
>> http://www.mysteryzillion.org/forums/showpost.php?p=34856&postcount=26
parser ကို ယူသုံးပြီး နာမည်တောင် မပြင်ထားဘူးလို့ဆိုထားပါတယ်။ မပြင်ထားတာကမှ မှန်ပါတယ်။ ပြင်လိုက်ရင် LGPL ကို ချိုးဖောက်ရာကျပါမယ်။

ဒီ MTalk ဆိုတာလိုမျိုး သူများရဲ့ main program ကို တိုက်ရိုက်ယူပြီး product နာမည်ပြင် ပုံတွေပြင်ထားပြီး opensource မပေးထားမှသာ တရားမဝင်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ opensource ပြန်ပေးကို ပေးရပါမယ်။
http://myanmaritpros.com/forum/topic/show?id=1445004%3ATopic%3A123616&page=1&commentId=1445004%3AComment%3A123626&x=1#1445004Comment123626

အဆိုးဆုံးကတော့ opensource ကို ယူပြီး ပြန်ရောင်းစားလို့ရတယ်ထင်တဲ့သူတွေရှိပါတယ်။ software မပြောနဲ့၊ opensource ကုတ်သုံးမိထားတတဲ့ hardware တောင် ရောင်းစားရင် တရားစွဲလို့ရပါတယ်။

>>> သူများတွေကတော့ codeproject က ဟာကို ယူပြီး ပြင်တယ်လို့ပြောတာပဲ။
>> http://www.saturngod.net/?p=1143
ယူပြီး ပြင်တယ် ဆိုတာထက် သုံးထားတယ် ဆိုတာက ပိုမှန်ပါမယ်။ ပြင်တယ်ဆိုရင် ခိုးပြီး ပြင်ထားသလို အဓိပဿပါယ် သက်ရောက်မှုရှိနိုင်ပါတယ်။

>> http://www.mysteryzillion.org/forums/showpost.php?p=34856&postcount=26
>>> Totally this project is National level project, it shouldn't use another person project source code or dll files from internet.
အခြား dll တွေ source code တွေယူမသုံးသင့်ဘူးလို့ဆိုထားပါတယ်။ လိုင်စင်နဲ့ မဆိုင်ဘူးထင်ပါတယ်။ သုံးတာ သုံးသင့်ပါတယ်။ အဂဿငလိပ်စာကို အစအဆုံး analyse လုပ်တာ အခုမှ စပြီး ဘယ်သူကရေးနိုင်မှာလို့တုန်း။
အဂဿငလိပ္စာကို အဂဿငလိပ္လူမ်ိုးက grammar analyze လုပ်ပေးထားတာတွေ pattern တွေခွဲပေးထားတာကို ကျေကျေနပ်နပ်ကြီး သုံးသင့်ပါတယ်။

လောလောဆယ် တွေ့မိတာကို သုံးသပ်ထားတာပါ။ ဒီထက် အများကြီးရှိပါဦးမှာပါ။

# This article may b modify or update or add anytimes without any notice.

9 comments:

Ei Maung said...

>> အဆိုးဆုံးကတော့ opensource ကို ယူပြီး
>> ပြန်ရောင်းစားလို့ရတယ်ထင်တဲ့သူတွေရှိပါတယ်။
>> software မပြောနဲ့၊ opensource
>> ကုတ်သုံးမိထားတတဲ့ hardware တောင် ရောင်းစားရင်
>> တရားစွဲလို့ရပါတယ်။

တစ်ခြား အချက်တွေကို မဖောက်ဖျက်ရင် (ဥပမာ Source ပြန်ပေးရင်) Open-source ကို Modify လုပ်ပြီး စည်းမျည်းစည်းကမ်းတွေနဲ့ အညီ Commercially ရောင်းစားလို့ရတယ်လို့ ကြားဖူးပါတယ်...

http://en.wikipedia.org/wiki/Commercial_open_source_applications

မာ့ခ် said...

>> Open-source ကို Modify လုပ်ပြီး စည်းမျည်းစည်းကမ်းတွေနဲ့ အညီ Commercially ရောင်းစားလို့ရတယ်လို့ ကြားဖူးပါတယ်...

လိုင်စင်ထဲမှာ အဲလိုရေးထားတာမတွေ့မိပါ။

LGPL တစ်ခုပဲ original source ကို မပြင်ပဲ Library အနေနဲ့ ချိတ်ရုံချိတ်သုံးရင် ကိုယ်သပ်သပ်ရေးထားတဲ့ ပရိုဂရမ်ကို ရောင်းစားလို့ရပါတယ်။ နဂို ကုတ်ကို ရောင်းစားလို့ မရပါဘူး။

မာ့ခ် said...

http://en.wikipedia.org/wiki/Commercial_open_source_applications

အဲဒါ LGPL တွေ GPL တွေမှ မဟုတ်ပဲ။ ကုမဿပဏီတွေက သပ်သပ်လုပ်ပေးထားတဲ့ လိုင်စင်တွေပါ။

သူတို့သပ်သပ်အဲလိုပေးထားမှာသာ ရပါမယ်။ နဂို လိုင်စင်အတိုင်းထားထားတဲ့ applications တွေကို ရောင်းလို့မရပါဘူး။

မာ့ခ် said...

ဥပမာ Qt ဆိုရင် opensource နဲ့ commercial လိုင်စင်၂ခုရှိတယ်။ commercial ပြန်ရောင်းစားမယ်ဆိုရင် Qt ကို လည်း ဝယ်သုံးမှရမယ်။

မာ့ခ် said...

နောက်ပြီး ပရိုဂရမ်ကိုရောင်းစားတယ်ဆိုနဲ့ CD, DVD ရောင်းစားတာ
service ကိုရောင်းစားတာ စတာတွေဟာ သပ်သပ်ဖြစ်ပါတယ်။

NLS said...

ကျွန်တော်ကတော့ NLP က Copyright by NLP လို့ ရေးထားတာကို လုံးဝကန့်ကွက်တယ်။ တကယ်တော့ NLP တောင် မဟုတ်ဘူး NLP ကလူတချို့ကို ဆက်သွယ်ရေး ဝန်ကြီးဌာနက Hire လုပ်ပြီး ဒီပရောဂျတ်ကို စခဲ့တာ။ သဘောကတော့ အလုပ်ရှင်နဲ့ အလုပ်သမားပဲ။ ဒါကို လုပ်နေတာ NLP တစ်ခုတည်း မဟုတ်ဘူး။ ဒီပရောဂျတ်ရဲ့ အလုပ်လုပ်ပုံ ပရိုပိုဆယ်ကို အစအဆုံး ကျွန်တော် ရေးခဲ့တာ။ အဲဒီမှာသုံးတဲ့ အဘိဓာန်ကိုလုပ်နေတဲ့ သူတွေလည်း ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ ပိုက်ဆံ တစ်ပြားမှ မယူဘဲ ခေါင်းတွေစားခဲ့ရတဲ့ ရက်ပေါင်းများစွာ ရှိခဲ့တယ်။ ပြောရရင် မာခ်လည်း ဒီအထဲ ပါပါတယ်။ မာခ်နဲ့ ကျွန်တော် စဉ်းစားခဲ့တာ လုပ်ခဲ့တာတွေဟာ အဲဒီအထဲမှာ အများကြီး အသုံးဝင်တယ်။ ကုဒ်ရေးတာနဲ့ Ideology ထုတ်တာနဲ့က တူမှ မတူတာပဲဗျာ။ အခုဟာက ဆော့ဖ်ဝဲရေးပြီး ဒါကို Copyright by NLP လုပ်တာကတော့ တခြားဝိုင်းလုပ်နေတဲ့ လူအားလုံးကို စော်ကားတာပဲလို့ မြင်မိတယ်။ ရှင်းရှင်းလေးပါ ကုမဿပဏီ တစ်ခုက လုပ်သားတွေရှိမယ်။ လစာပေးထားတယ်။ အဲဒီကုမဿပဏီက ပစဿစည်းတစ်ခုထုတ်ရင် အဲဒီကုမဿပဏီက ပိုင်တာပဲ၊ အဲဒီ လုပ်သားတွေက မပိုင်ပါဘူး။ မပိုင်တဲ့အပြင် အဲဒါကို လုပ်စားရင် ပိုတောင် အပြစ်ကြီးပါသေးတယ်။ အခု ဒါက နိုင်ငံတော် ပရောဂျတ်ပါ။ ဒါကို နိုင်ငံတော် ပရောဂျတ်မို့လို့ ဝိုင်းလုပ်ပေးခဲ့တာ။ အဲဒီလို အချိုးမျိုးတွေ လုပ်လို့ တော်တော် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်။

Thiha Kyaw Zaw said...

"LGPL တစ်ခုပဲ original source ကို မပြင်ပဲ Library အနေနဲ့ ချိတ်ရုံချိတ်သုံးရင် ကိုယ်သပ်သပ်ရေးထားတဲ့ ပရိုဂရမ်ကို ရောင်းစားလို့ရပါတယ်။ နဂို ကုတ်ကို ရောင်းစားလို့ မရပါဘူး။"

မာခ်ပြောတာမှန်ပါတယ်၊ LGPL အကြောင်း wiki မှာဒီလိုရေးထားပါတယ်။

A standalone executable that dynamically links to a library is generally accepted as not being a derivative work. It would be considered a "work that uses the library" and paragraph 5 of the LGPL applies.

"A program that contains no derivative of any portion of the Library, but is designed to work with the Library by being compiled or linked with it, is called a "work that uses the Library". Such a work, in isolation, is not a derivative work of the Library, and therefore falls outside the scope of this License."

GPL မှာ derivative work တွေကို opensource လုပ်ပေးဖို့လိုပါတယ်။

"The GPL is the most popular and well-known example of the type of strong copyleft license that requires derived works to be available under the same copyleft. " လို့ ဆိုထားပါတယ်။

Open-source ကို commercial လုပ်ချင်ရင် BSD license ဟာ တွေပဲ လုပ်လို့ရပါတယ်၊ အကောင်းဆုံးဥပမာပေးရရင် OS X ပါ။
OS X က freeBSD က အပိုင်းတော်တော်များများယူသုံးထားပါတယ်။
OS X အပြင် freeBSD ကိုသုံးပြီး commercial လုပ်ရောင်းနေတာတွေကတော့
Juniper JUNOS ,
Nokia's firewall operating system
F5 Networks's 3DNS version 3 global traffic manager and EDGE-FX version 1 web cache

ရှိပါသေးတယ်အများကြီး..

Ref: wikipedia

Thiha Kyaw Zaw said...

BSD code ယူသုံးပြီး commercial လုပ်ချင်တယ်ဆိုတောင်
ဒီအချက်တွေကိုက်ညီရပါမယ်။

allowing unlimited redistribution for any purpose as long as its copyright notices and the license's disclaimers of warranty are maintained. The license also contains a clause restricting use of the names of contributors for endorsement of a derived work without specific permission.

All advertising materials mentioning features or use of this software must display the following acknowledgement: This product includes software developed by the University of
California, Berkeley and its contributors.

http://en.wikipedia.org/wiki/BSD_licences

မာ့ခ် said...

Thanks for informations, Ko Thiha Kyaw Zaw

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ